ဇာတ်လိုက်မင်းသားထယ်လီဆော့က ကုမ္ပဏီမှာ ၁၀ နှစ်ဆက်တိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆု ရထားတဲ့သူဖြစ်သလို ရာထူးတက်တာလည်း အမြန်ဆုံးနဲ့ အသက်အငယ်ဆုံး အမှုဆောင်ဒါရိုက်တာ ဖြစ်လာတဲ့ လူတော်လူချောကြီးတစ်ယောက် တစ်သက်လုံး ဘယ်နေရာကြည့်ကြည့် နံပါတ် (၁) ကမဆင်းခဲ့တဲ့ သူ့ဘဝထဲကိုဂန်မင်ဂ ယောင်းဆိုတဲ့ အမျိုးသမီးလေး ဝင်ရောက်လာတဲ့အခါမှာတော့ လီဆော့တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ဒုတိယနေရာကို ရောက်သွားပြီး သူ့ရဲ့မာနတွေ အကြီးအကျယ် ထိခိုက်ခဲ့တယ် နောက်တော့ သူ့ရဲ့မာနကို နင်းခြေခဲ့တဲ့ မင်ဂယောင်းက လီဆော့ရဲ့ အတွင်းရေးမှူး ဖြစ်လာခဲ့ပြီးသူမက အလုပ်လုပ်တာ တော်လွန်းလို့လီဆော့လုပ်ရမယ့် အလုပ်တွေကိုပါ လုပြီး လုပ်ပေးရင်း ကြာလာတော့ သူတို့ကြားကဖုံးကွယ်ထားတဲ့ခံစားချက်တွေတဖြည်းဖြည်းပေါ်လာခဲ့ပြီး ရယ်စရာအလွဲတွေနဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးစပေါ်လာခဲ့ပါတော့တယ်...