ဇာတ်လိုက်ဖြစ်သူ Björn Denyster သည် လီချန် (Lechen) တော်ဝင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖြစ်ခဲ့သော်လည်း အရှုပ်တော်ပုံတစ်ခုကြောင့် ထီးနန်းဆက်ခံခွင့်ကို စွန့်လွှတ်ခဲ့ရပြီး တော်ဝင်မိသားစု၏ အမှိုက်ကောင်ဟု လူသိများလာခဲ့ပါတယ်။ မင်းသားဟာ ဘဝကို ပေါ့ပေါ့ဆဆ ဖြတ်သန်းရင်း လောင်းကစားနှင့် ပျော်ပါးမှုကိုသာ ဦးစားပေးသည့် စိတ်နေသဘောထား ခက်ထန်သော အေးစက်စက် ယောက်ျားတစ်ယောက် ဖြစ်ပြီး မင်းသမီး Erna Hardy ကတော့ ကျေးလက်တောရွာလေးမှာ ကြီးပြင်းလာပြီး ရိုးသားဖြူစင်တဲ့ အထက်တန်းစား အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ မိသားစုရဲ့ အကြွေးပြဿနာများကို ဖြေရှင်းရန်နှင့် အဖိုးဖြစ်သူထားခဲ့တဲ့ အမွေပိုင်မြေကွက်ကို ကာကွယ်ရန်အတွက် မြို့တော်သို့ ရောက်ရှိလာရာမှ မမျှော်လင့်ဘဲ မင်းသား Björn နှင့် ဆုံတွေ့မိပါတော့တယ်။ နှစ်ဦးသား ရည်ရွယ်ချက်ချင်း မတူညီကြသော်လည်း ကိုယ်ပိုင်အကျိုးအမြတ်အတွက် နှစ်ဦးသဘောတူစာချုပ်ဖြင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြပြီး Erna အတွက် မိသားစုကို ကယ်တင်ရန် ငွေကြေးလိုအပ်နေပြီး Björn အတွက်မူ သူ့အပေါ် ကျရောက်နေတဲ့ လူမှုရေး ဖိအားများနှင့် အရှုပ်တော်ပုံများကို ဖုံးကွယ်ရန် ဇနီးတစ်ဦး လိုအပ်နေသောကြောင့် ဖြစ်ပါတယ်။ အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ မင်းသားနှင့် ရိုးသားဖြူစင်ပြီး သည်းခံတတ်တဲ့ Erna တို့ရဲ့ ထိမ်းမြားခြင်းဟာ အစပိုင်းတွင် အဆင်မပြေမှုများ၊ နားလည်မှုလွဲမှားမှုများနှင့် ပြည့်နှက်နေခဲ့ပါတယ်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ဦးကိုတစ်ဦး သံယောဇဉ်တွယ်လာပြီး မင်းသား Björn တစ်ယောက် Erna အပေါ် တကယ့်အချစ်စစ်ကို ဘယ်လို့တွေ့ရှိပြီး....