အကယ်၍သာ ကျွန်တော်တိုကမ္ဘာဦးရဲ့အစက အာဒံနဲ့ဧဝကနေ စတင်ခဲ့တာမဟုတ်ပဲ နဂါးတွေကစတင်ခဲ့တာဆိုရင်ရော...? ဒီဇာတ်လမ်းမှာ သူတိုရဲ့ကမ္ဘာကိုနဂါးတွေကပဲ ပျိုးထောင်တည်ဆောက်ပေးပြီး အဲ့ဒါအပြင် အင်ပါယာကြီးတစ်ခုလုံးကိုပါ တည်ဆောက်ခဲ့တယ် အဲ့နဂါးကပဲ အင်ပါယာအရှင်ဖြစ် နှစ်တစ်ထောင်စီအုပ်ချုပ်လေ့ရှိတယ် နှစ်တစ်ထောင်ပြည့်တိုင်း ဥဥ ပြီးဘယ်သူမှ မသိနိုင်တဲ့ Mysterious ဖြစ်တဲ့နေရာကို ပြန်သွားကြလေ့ရှိတယ်ပေါ့ဗျာ..... ဇာတ်လမ်းအစလေးမှာတော့ မင်းသမီးကအဖေအမေမရှိ အဒေါ်နဲ့နေပြီး နှိပ်စက်ခံနေရတဲ့ စင်ဒရဲလား (ver 2.0) ပေါ့ တစ်နေ့ကြ အဒေါ်ရဲ့နှိပ်စက်မှုကြောင့် အိမ်ကထွက်ပြေးရင်း ဂူတစ်ဂူထဲမှာ ဥအကြီးကြီးကိုရှာတွေ့သွားတဲ့အခါ (နဂါးဥနော်: 3) .........................
No Chapter