ခေတ်သစ်ကိုရီးယားနိုင်ငံမှာ အလုပ်ရှာဖွေနေသူ အမျိုးသမီးတစ်ဦးက သူမဖတ်ခဲ့ဖူးတဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ထဲက ဗီလိန်ဇာတ်ကောင်၊ မြင့်မြတ်တဲ့အမျိုးသမီး ဘီလီယန် အဖြစ် ဘဝကူးပြောင်းသွားခဲ့ပါတယ် ဝတ္ထုဟောင်းထဲ ဘီလီယန်က လူတိုင်းရဲ့မုန်းတီးခြင်းကို ခံရပြီး အဆုံးသတ်မှာ ကြေကွဲဖွယ် သေဆုံးခဲ့ရသူဖြစ်ပါတယ် အဲ့ဒါကြောင့် ဘဝသစ်မှာတော့ သူမဟာ ဝတ္ထုထဲကလို အသေဆိုးနဲ့ မသေချင်တဲ့အတွက် အချစ်ကို စွန့်လွှတ်ပြီး အေးအေးချမ်းချမ်းနှင့် ချမ်းသာစွာ နေထိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ် သူမကို နှိပ်စက်ခဲ့တဲ့ ရည်းစားဟောင်းနှင့်လည်း လမ်းခွဲလိုက်ပါတယ် တစ်ဖက်မှာ သူမရဲ့ဖခင်ဖြစ်သူ Duke ရဲဂစ်က သူမကို ရက်စက်ကြမ်းကြုတ်လှတယ်လို့ နာမည်ကြီးတဲ့ အိမ်ရှေ့မင်းသား မက်စ် နှင့် အဓမ္မလက်ထပ်ပေးတော့မယ်လို့ဘီလီယန်က အကြီးအကျယ် အထင်လွဲခဲ့ပါတယ် အဲ့နောက် လက်ထပ်မယ့်အစီအစဉ်က လွတ်မြောက်ဖို့အတွက် ဘီလီယန်ဟာ သူမဖခင်ရဲ့ တပည့်ဖြစ်သူ စရိုက်ကြမ်းပေမဲ့ ရုပ်ရည်ခန့်ညားတဲ့ လူငယ်တစ်ဦးနှင့် ဟန်ဆောင်ချစ်သူအဖြစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ် တကယ်တမ်း သူမ မသိတာမှာ အဲ့လူငယ်က အမှန်တကယ်တော့ သူမ အလွန်ကြောက်ရွံ့နေတဲ့ အိမ်ရှေ့မင်းသား မက်စ် ကိုယ်တိုင်ပင် ဖြစ်နေခဲ့တော့...