ဒီဇာတ်လမ်းလေးကတော့ MMAချန်ပီယံ တစ်ဦးဖြစ်သူ ဂျူဂျဲဂယောင်း (Joo Jaekyung) နှင့် ဆင်းရဲနွမ်းပါးတဲ့ ကာယကုထုံးပညာရှင် ကင်ဒန် (Kim Dan) တို့အကြားက BLဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဂျဲဂယောင်းဟာ ပွဲတိုင်းနိုင်တဲ့ စွမ်းအားကြီး ချန်ပီယံတစ်ဦး ဖြစ်ပေမယ့်လည်း သူ့မှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့တယ်။ အဲ့တာကတော့ ပွဲမတိုင်ခင် ညမှာ အခြားတစ်ယောက်နှင့် လိင်ဆက်ဆံမှု ပြုလုပ်မှသာ ပွဲနိုင်မည်ဟူသော ဂျဲဲဂယောင်းရဲ့ ကိုယ်ပိုင် အယူအဆ တစ်ခုဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကုထုံးပညာရှင် ကင်ဒန်ဟာ ကင်ဆာဝေဒနာရှင် အဖွားဖြစ်သူ၏ ဆေးကုသစရိတ်နှင့် ဓားပြသဖွယ် အတိုးကြီးပေးနေရတဲ့ အကြွေးရှင်တေကြောင့်ပဲ ငွေကြေး အရမ်းလိုအပ်နေခဲ့တာပါ။ ဒီလိုနဲ့ပဲ ဂျဲဂယောင်းက ကင်ဒန်၏ ငွေကြေးအခက်အခဲကို အခွင့်ကောင်းယူပြီး အကြွးတွေ ဆပ်ပေးမည့်အပြင် တစ်ကြိမ်လျှင် ဝမ် ၅ သန်း ပေးမည်ဟူသော ကမ်းလှမ်းချက်ဖြင့် သူရဲ့ကိုယ်ပိုင်ကုထုံးပညာရှင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ သို့သော် ကင်ဒန်အနေနဲ့ ဆေးကုသပေးရုံသာမက ဂျဲဂယောင်း၏ ပွဲကြိုမတိုင်ခင်ညအတွက်ပါ အသုံးတော်ခံရမည်ဆိုသောအခါ......