ခေတ်သစ်ကမ္ဘာက သာမန်အထက်တန်းကျောင်းသူလေး Qing Qing ဟာ မတော်တဆ ကမ္ဘာဦးခေတ် သားရဲလူသားတွေ ရှင်သန်ရာ ကမ္ဘာထဲကို ရောက်ရှိသွားခဲ့ပါတယ် ဒီသားရဲကမ္ဘာမှာ အမျိုးသမီးတွေဟာ အလွန်ပဲ ရှားပါးပြီး အကာအကွယ်မဲ့တဲ့အတွက် သားရဲမျိုးနွယ်စုအားလုံးရဲ့ တန်ဖိုးထား စောင့်ရှောက်ခြင်းကို ခံရသူတွေပေါ့ သူမဟာ နုပျိုလှပပြီး ဖြူစင်တဲ့ အသားအရေရှိတာကြောင့် သားရဲကမ္ဘာက အင်အားကြီး ယောက်ျားလေးတွေရဲ့ အပြိုင်အဆိုင် သဘောကျ စွဲလမ်းခြင်းကို ခံရပါတော့တယ် Qing Qingဟာ ဒီရိုင်းစိုင်းတဲ့ ကမ္ဘာမှာ အသက်ရှင်ဖို့ ကြိုးစားရင်း ခေတ်သစ် ဗဟုသုတတွေကို အသုံးပြုပြီး မျိုးနွယ်စုတွေကို စိုက်ပျိုးရေးနဲ့ နေထိုင်မှုပုံစံတွေ တိုးတက်အောင် ကူညီပေးပါတယ် သူမကို အသက်ပေးပြီး ကာကွယ်ပေးမယ့် သားရဲခေါင်းဆောင်တွေ (ကျားသစ်၊ မြွေ၊ ကျား၊ လင်းယုန်) နဲ့ ဆုံတွေ့ပြီး သံယောဇဉ်တွယ်ကာ အိမ်ထောင်ပြု မိတ်ဖက်ဖို့ဖြစ်လာခဲ့ရင်း...