အသက် ၂၀ အရွယ် သာမန်မိန်းကလေး ဟွမ်ဟွမ်ဟာ တစ်နေ့ ရေချိုးကန်ထဲမှာ ရေချိုးနေစဉ် မမျှော်လင့်ဘဲ ထူးဆန်းသော သားရဲကမ္ဘာသို့ ရုတ်တရက် ကူးပြောင်းရောက်ရှိသွားခဲ့တယ် အဲ့ကမ္ဘာက သာမန်လူသားကမ္ဘာနှင့်မတူဘဲ သားရဲတိရစ္ဆာန်များအဖြစ်မှ ရုပ်ချောသော လူသားယောက်ျားခန့်ချောလေးများအဖြစ် အသွင်ပြောင်းလဲနိုင်တဲ့ သားရဲလူသား(Beastmen)များ ကြီးစိုးရာ ကမ္ဘာတစ်ခု ဖြစ်နေတယ် ဟွမ်ဟွမ် ရောက်ရှိသွားတဲ့ တောရိုင်းမြေပြင်မှာ အသက်ရှင်ကျန်ရစ်ရန်အတွက် သူမကိုယ်တိုင် အသက်ရှင်သန်နိုင်စေမဲ့ နည်းစနစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီစနစ်ရဲ့ အကူအညီနဲ့ သူမက အစားအစာ ရှာဖွေခြင်း၊ ဆေးဝါးကုသခြင်းနှင့် အမိုးအကာ တည်ဆောက်ခြင်းတို့ကို သင်ယူပြီး ကမ္ဘာသစ်တွင် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရကာ သားရဲကောင်ချောလေးများစွာနဲ့ အချစ်ဇာတ်လမ်းစတော့ပါတယ်...