လန်တာရေး နိုင်ငံတော်ရဲ့ (Saintess) ဖြစ်သူ လီလီယာနာ ဟာ ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ အရပ်အမောင်း အားလုံး ပြည့်စုံပြီး စံပြဖြစ်လောက်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ် ဒါပေမဲ့ သူမရဲ့ ပထမဆုံး ခင်ပွန်းဖြစ်သူဟာ အလွန်အမင်း ယဉ်ကျေးလွန်းပြီး အေးစက်ငြိမ်သက်လွန်းတာကြောင့် လီလီယာနာ့မှာ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘဲ လိုအင်ဆန္ဒတွေ တနင့်တပိုး စုပုံလာခဲ့ရပါတယ် သူမဟာ နောက်ဆုံးမှာ မအောင့်အီးနိုင်တော့ဘဲ ဆာ့ရ်ှနက်စ်တစ်ဦးအနေနဲ့ ရှိတဲ့ သူမရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး နာမည်ကျော် လူရှုပ်လူပွေတစ်ဦးကို သူမရဲ့ ဒုတိယမြောက် ခင်ပွန်းအဖြစ် လက်ထပ်ယူလိုက်ပါတော့တယ် မင်္ဂလာပွဲ အခမ်းအနားအတွင်းမှာ လီလီယာနာဟာ နတ်ဘုရားမထံကို "ကျွန်မကတော့ သုံးယောက်တူတူ နေရရင်လည်း အဆင်ပြေပါတယ်" ဆိုပြီး စိတ်ထဲကနေ အရဲစွန့်ကာ ဆန္ဒတစ်ခု တောင်းဆိုမိလိုက်ပါတယ် မင်္ဂလာဦးည မစတင်မီ ခဏတာ အိပ်ပျော်သွားခဲ့တဲ့ လီလီယာနာတစ်ယောက် ပြန်နိုးလာတဲ့အခါမှာတော့ ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ် နတ်ဘုရားမဟာ သူမရဲ့ဆန္ဒကို ပကတိအတိုင်း တိုက်ရိုက်အဓိပ္ပာယ်ယူပြီး အကောင်အထည်ဖော်ပေးလိုက်တာကြောင့် လီလီယာနာဟာ သူမရဲ့ ခင်ပွန်းနှစ်ယောက်ရဲ့ အိပ်ခန်းနှစ်ခုကို ခြားထားတဲ့ နံရံကြားထဲမှာ တစ်ကိုယ်လုံး ညပ်ပြီး ပိတ်မိနေပါတော့တယ် နံရံကြားညပ်နေစဉ်မှာပဲ ခင်ပွန်းနှစ်ယောက်စလုံးက အခန်းထဲကို အသီးသီး ဝင်ရောက်လာကြတဲ့အခါမှာတော့ ရှက်စရာ၊ ဟာသဖြစ်စရာ ဇာတ်ကွက်များနဲ့ ဆက်လက်စီးဆင်းသွားမယ့် (19+) အချစ်ဟာသ ဇာတ်လမ်းလေး ဖြစ်ပါတယ်