Shi Nidie ဆိုတဲ့ ခေတ်သစ်ကမ္ဘာက မိန်းကလေးဟာ သူမဖတ်နေတဲ့ ကျင့်ကြံခြင်း (Cultivation) ဝတ္ထုတစ်ပုဒ်ထဲကို ဝိညာဉ်ကူးပြောင်းသွားပါတယ်။ သူမ ရောက်သွားတဲ့ ခန္ဓာကိုယ်ကတော့ Hehuan နန်းတော်ရဲ့ သခင်မဖြစ်ပြီး ဝတ္ထုထဲမှာတော့ အဓိကဇာတ်လိုက်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ့် ဗီလိန်မ (Villainess) နေရာ ဖြစ်နေခဲ့တယ်။ သူမဟာ ဝတ္ထုထဲကအတိုင်း အသတ်မခံရဖို့နဲ့ သူမရဲ့ ကံကြမ္မာဆိုးကို ပြောင်းလဲဖို့အတွက် ကြိုးစားရပါတော့တယ်။ အရင်က ဗီလိန်မဟာ ယောကျ်ားချောလေးတွေကို ဖမ်းဆီးပြီး နှိပ်စက်လေ့ရှိပေမယ့်၊ အခု Shi Nidie ကတော့ သူတို့ကို ရန်သူတွေအဖြစ် မထားဘဲ အသုံးချဖို့ နည်းလမ်းသစ်တစ်ခုကို စဉ်းစားလိုက်ပါတယ်။ သူမဟာ အဲ့ဒီအမျိုးသားတွေကို သတ်ပစ်မယ့်အစား သူတို့ရဲ့ အရည်အချင်းတွေကို အသုံးချပြီး "Idol Group" (男团 - Boy Band) တစ်ခုလိုမျိုး စုစည်းခဲ့တယ်။ သူတို့ကို ကျင့်ကြံခြင်းလောကမှာ အောင်မြင်တဲ့ အဖွဲ့တစ်ခုဖြစ်အောင် လေ့ကျင့်ပေးရင်းနဲ့ ကိုယ်ပိုင်ဂိုဏ်းအသစ်တစ်ခုကို တည်ထောင်ဖို့ ကြိုးစားလိုက်တယ်။ ဝတ္ထုထဲက အဓိကဇာတ်လိုက် အမျိုးသားတွေနဲ့ သူမကြားမှာ ရယ်မောစရာတွေ၊ ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဖတ်ရှုရမှာပါ (ကောင်ချောလေးတွေအများကြီးနဲ့ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ရှယ်ရိုချိုလေးပေါ့)