မင်းသမီး Shina (ရှီနာ) ဟာ သူမရဲ့ နိုင်ငံတော်အတွင်း ဖြစ်ပွားခဲ့တဲ့ ပုန်ကန်မှုတစ်ခုမှာ မတရားစွပ်စွဲခံရပြီး သေဒဏ်ပေးခံရမယ့်အစား "နဂါးဆိုး" ဆီမှာ ယဇ်ပူဇော်မယ့် သတို့သမီးအဖြစ် စေလွှတ်ခြင်း ခံခဲ့ရပါတယ်။ လူအများကတော့ သူမဟာ နဂါးရဲ့ အစာ ဖြစ်သွားလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြတာပေါ့ ဒါပေမဲ့ သူမ နဂါးဂူထဲကို ရောက်သွားတဲ့အခါမှာတော့ ကြောက်မက်ဖွယ် နဂါးကြီးကို မတွေ့ရဘဲ ဒဏ်ရာတွေနဲ့ လဲလျောင်းနေတဲ့ အလွန်ချောမောလှပတဲ့ နဂါးမင်းသား (Dragon King) ကို တွေ့ရှိခဲ့ပါတယ်။ ရှီနာဟာ ကြောက်လန့်တုန်လှုပ်မနေဘဲ ဒဏ်ရာရနေတဲ့ နဂါးမင်းသားကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ တကယ်တော့ ဒီနဂါးမင်းသားဟာ ကျိန်စာသင့်နေတာဖြစ်ပြီး လူသားတွေအပေါ် အငြိုးအတေး ရှိနေသူပါ။ ဒါပေမဲ့ ရှီနာရဲ့ ကြင်နာမှုနဲ့ ရဲရင့်မှုတွေက နဂါးမင်းသားရဲ့ စိတ်ကို ပြောင်းလဲစေခဲ့ပြီး သူတို့နှစ်ဦးကြားက အချစ်ဇာတ်လမ်း အပြင်၊ ရှီနာ့ကို ဒုက္ခပေးခဲ့တဲ့သူတွေကို ပြန်လည်လက်စားချေတာတွေနဲ့ နဂါးနိုင်ငံရဲ့ လျှို့ဝှက်ချက်တွေကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။